Rutnin Hospitalရဲ့ သမိုင်းကြောင်းအကျဉ်းချုပ်
ထိုင်းနိုင်ငံ၏ အကောင်းဆုံး ရတ်တနင်မျက်စိအထူးကုဆေးရုံကြီး မျက်စိကျန်းမာရေးစောင့်ရှောက်မှုမှာ ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံးနဲ့အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးနေတဲ့ဆေးရုံ ကြီးဖြစ်ပါတယ်။
မျက်စိကျန်းမာရေးစောင့်ရှောက်မှု နဲ့ ပတ်သက်လို့ အကောင်းဆုံးသောဆရာဝန်တွေ သူနာပြုတွေကိုအဆင့်မြင့် သင်တန်းတွေ အဆင့်ဆင့်ပေးပြီးကြိုးပမ်းတည်ဆောက်ခဲ့တဲ့ ဆေးရုံကြီးဖြစ်ပါတယ်။ မျက်စိအထူးကုဆရာဝန်ကောင်းများစွာ ရှိတဲ့ ဆေးရုံကြီး အသိအမှတ်ပြုခြင်းခံထားရတယ်ဆိုလည်း မမှားပါဘူး။
ထိုင်းနိုင်ငံ၏ အကောင်းဆုံး ရတ်တနင်မျက်စိအထူးကုဆေးရုံကြီး 1964 ခုနှစ်ကမျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ အူထိုင်းရတ်သနင် (Dr U Thai Rutnin) မှ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ပါမောက္ခ ဒေါက်တာ အူထိုင်းရတ်သနင် သည် Ramathibodi Hospital ဆေးရုံကိုအုတ်မြစ် ချခဲ့သူဖြစ်တဲ့အပြင် မျက်စိအထူးကုဌာနမှာလဲ အကြီးအကဲတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင်ဆရာဝန်ကြီးဟာ မျက်စိအမြင်လွှာရဲ့အတွင်းပိုင်းသွင်ပြင်လက္ခဏာတွေ(Peripheral Retina)ကိုသုတေ တနပြုခဲ့တဲ့ သုတေသီတစ်ဦးလည်းဖြစ်ပါတယ်။ အဲ့ဒီစာတမ်းဟာ ကမ္ဘာတစ်ဝှမ်းရှိမျက်စိအထူးကုဆရာဝန်ကြီးများအားထားရာ စံပြုထိုက်ရာ အခြေခံစံအဖြစ် အသုံးပြုသည့်အခြေခံမျက်စိအထူးကုစာတမ်းဖြစ်လာခဲ့ပါတယ်။